Home »
OIC သတင်း
» OIC အထွေထွေအတွင်းရေးမှုး Mr.Ekmeleddin Ihsanoglu မှရိုဟင်ဂျာဒုက္ခသည် ရပ်မိရပ်ဖ (၁၅)ဦးအား အမှာစကားပြောကြား
OIC အထွေထွေအတွင်းရေးမှုး Mr.Ekmeleddin Ihsanoglu မှရိုဟင်ဂျာဒုက္ခသည် ရပ်မိရပ်ဖ (၁၅)ဦးအား အမှာစကားပြောကြား
ပြန်လည်တင်ပြသူ Unknown
Posted on 11:08 AM
with No comments
OIC အဖွဲ့ စစ်တွေလေဆိပ်မှ ရန်ကုန်သို့ မထွက်ခွာမီအစည်းအဝေး ***************************************** ရခိုင်ပြည်နယ်၊စစ်တွေမြို့သို့ OIC အဖွဲ့ရောက်လာပြီး ဒုက္ခသည်များကိုလေ့လာကြည့်ပြီး နောက်ရန်ကုန်မြို့သို့ မပြန်မီနာရီပိုင်းအလိုတွင်ရိုဟင်ဂျာဒုက္ခသည် ရပ်မိရပ်ဖ(၁၅)ဦး ကိုခေါ်၍ စစ်တွေလေဆိပ်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါ သည်။ အဆိုပါဆွေးနွေးပွဲတွင် မှအမှာစကားပြောကြရာတွင် ~~~~~~ (၁) ဦးစွာစလာမ် နှုတ်ခွန်းဆက်လျှက် ဘိစ်မိလ္လာဟ်ဖတ်ပြီး ကျွန်တော်တို့ OIC အဖွဲ့သည် ကမ္ဘာ့ ပေါ်ရှိ မွတ်စလင်မ် သန်းပေါင်း(၁၅၀၀)ကျော်၏ ကိုယ်စားပြုအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ထိုသန်းပေါင်း(၁၅၀၀)ကျော်သော မွတ်စလင်မ်များသည် ခင်ဗျားတို့ရိုဟင်ဂျာ မွတ်စလင်မ်များနှင့်အတူရှိနေတယ်ဆိုတာကိုမမေ့ကြပါနဲ။ (၂) ကျွန်တော်တို့ OIC အဖွဲ့သည် ခင်ဗျားတို့မြန်မာနိုင်ငံကိုပထမ မည်သည့်တစ်စုံ တစ်ခုမှမလှူခဲ့ကြောင့် ယခုမှစ၍ စလှူသွားမည်ဖြစ်ကြောင်း။ (၃) ခင်ဗျားတို့ အစိုးရကယခုကောက်ယူနေတဲ့ လူဦးရေစာရင်းကိုခင်ဗျားတို့ပါ ပါဝင် ပူးပေါင်းကူညီကောက်ခံပေးရမည်ဖြစ်ကြောင်းနှင့်ထိုစာရင်းပြုစုရာတွင် ထွက်ကျန် မသွားအောင်သတိထားရမည်ဖြစ်ကြောင်း။ (၄) ခင်ဗျားတို့အတွက်ပထမအရေးကြီးတဲ့ နိုင်ငံသားဖြစ်မြောက်ရေး OIC အဖွဲ့အနေ နဲပြည်ထောင်စုအစိုးရနှင့် ကတိကဝတ်ပြုထားပြီဖြစ်ကြောင်း ။ (၅) နိုင်ငံတော်အစိုးရမှ ခင်ဗျားတို့ကိုနိုင်ငံသားအဖြစ်လက်ခံပြီးမှသာ OIC အဖွဲ့မှ လူမျိုးစု နှစ်ဘက်စလုံးကို လိုအပ်တာများကူညီပေးသွားမီဖြစ်ကြောင်းနှင့်မူလ ပြန်လည်ထူထောင်ရေးကို တာဝန်ယူလုပ်ပေးသွားမည်ဖြစ်ကြောင်း။ (၆) ကျွန်တော်တို့အစ္စလာမ်ဘာသာသည် ကမ္ဘာပေါ်တွင်တန်ဖိုးအရှိဆုံး၊အလေးစား ဆုံး၊ သြဇာအရှိဆုံး၊ အကျော်ကြဆုံးနှင့်အကြီးမားဆုံး ဘာသာကြီးတစ်ရပ်ဖြစ်ပြီး လူ့အသက်ကို သတ်ပိုင်ခွင့်မရှိပြီးရက်ရောလှူဒါန်းရန် ပြဋ္ဌါန်းထားသောဘာသာ ကြီးလည်းဖြစ်ပါသည်။ ထိုနည်းတူစွာ အခြားဘာသာတိုင်းမှာလည်း လူ့အသက်ကိုမသတ်ရဟုပြောထား ရှိပါသည်။ဒါ့အပြင် OIC ဟူသောအဖွဲ့သည် ကမ္ဘာ့မှာဒုတိယအကြီးဆုံးအဖွဲ့အစည်း လည်းဖြစ်ပါသည်။ တက်ရောက်လာသောပုဂ္ဂိုလ်များမှ တင်ပြစရာရှိရင်တင်ပြပါဆိုသောအခါ ~~~~ ဦးအောင်သိန်းမှ ~~~~ ဦးစွာစလာမ်ပေးပြီးလေးစားအပ်ပါသော OIC အဖွဲ့ဝင်လူကြီးမင်းတို့နှင့်တွေ့ဆုံခွင့် ရတာ အင်မတန် ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့သည် ဒီမြန်မာနိုင်ငံ ၏မွှေးရာပါနိုင်ငံသားများဖြစ်ကြောင်း။ ကျွန်တော်တို့၏ဘိုးဘွားများသည်လည်း ဒီနိုင်ငံမှာမွှေဖွားပြီးဒီနိုင်ငံမှာဘဲသေဆုံးခဲ့ကြကြောင်း။ ကျွှန်တော်တို့သည် နိုင်ငံတော်အစိုးရပြည်ထောင်စု လဝက ဝန်ကြီးဦးခင်ရီပြော သလိုခိုးဝင်လာသောလူထုမဟုတ်ကြောင်း။ သမိုင်းအထောက်ထားအရကျွန်တော် တို့သည်မရောနှောသော (ရိုဟင်ဂျာလူမျိုးစစ်စစ်)ဖြစ်ကြောင်း။ ၁၉၄၇မြန်မာနိုင်ငံ သားဥပဒေအရ ကျွန်တော်တို့သည်မြန်မာနိုင်ငံသား ရိုဟင်ဂျာလူမျိုးများဖြစ်သည် မှာသမိုင်းအထောက်ထားအရပြောလိုကြောင်း။ လွန်ခဲ့သောစစ်အစိုးရလက်ထက် နှစ်ပေါင်း (၃၀)ကတည်းကပင် ရိုဟင်ဂျာသမိုင်းနှင့် ရှေးဟောင်းမှတ်တမ်းဝင်သာ သနိကအဆောက်အအုံများကို ပျက်ဆီး၊ ပျောက်ကွယ်ထားပြီးအစ္စလာမ်ဘာသာဝင် များကိုမည်သည့်အထောက်ထားမှထုတ်မပေးဘဲ နိုင်ငံမဲ့ဖြစ်သွားအောင်ဆောင်ရွက်နေ ကြောင်းနှင့်ယခုလို အထောက်အထားမဲ့ဘဝကိုရောက်နေရခြင်းဖြစ်ကြောင်းပြောဆိုခဲ့ သည်။ လေးစားအပ်တဲ့ OIC အဖွဲ့များခင်ဗျား ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်လူနည်းစုကို ရိုဟင်ဂျာလူမျိုးမြန်မာနိုင်ငံသားအဖြစ်လက်ခံပေးပါရန် OIC အဖွဲ့အနေနှင့်မြန်မာနိုင်ငံ တော်အစိုးရနှင့်ပူးပေါင်းပြီး ကူညီပေးသွားပါရန်လေးစားစွာဖြင့် အကြံပြုတင်ပြအပ် ပါသည်။ ဦးအောင်သိန်းမှ ယခုလိုတင်ပြချက်များကို OIC အထွေထွေ အတွင်းရေးမှုး Mr.Ekmeleddin Ihsanoglu မှ အထူးသဘောကျကြောင်းပြောဆိုချီးကျုး၍ အစည်းအဝေးရုတ်သိမ်းလိုက်ပါသည်ဟု စစ်တွေမြို့မှ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုဟင်ဂျာဒုက္ခသည် Mr. Hla မှ သတင်ပေးပို့ထားပါသည်။ (မွတ်စလင်မ်)ထဲမှ အစည်းအဝေးတက်ရောက်သူများမှာ~~~~~~~~ ၁။ ဦးအောင်သိန်း ၂။ ဦးရွှေလှ ၃။ ဦးအာလီ ၄။ မောင်မျိုးဝင်း ၅။ ဘမောင် ၆။ ဦးရွှေမောင်(လဝကပွဲစား) ၇။ ဦးမောင်မောင်စိန် ၈။ ဦးဘစိန် ၉။ ဦးနူရူ(ရဲဘော်ဟောင်း) ၁၀။ဦးမူဟမတ်ဆွယာဒ် ၁၁။ဦးအစ္စမိုင် ၁၂။ Mvအာမိရ်ချော်ရိဖ် ၁၃။ ဦးနူရ်ဟူးဆန်း(ရဲခရိုင်မှုး၏လူယုံတော်) ၁၄။ ဦးနူရ်အာလောမ် ၁၅။ Mv ဦးမူဟိယောဒ္ဒိန်စသည်တို့ဖြစ်ပါသည်။ မှတ်ချက် ။ ဤကဲ့သို့ အာဏာပိုင်များရှေ့မှောက်တွင် မကြောက်မရွံ့ပဲ ရဲရင့်စွာ ပြောဆို ခဲ့သော ဦးအောင်သိန်းအတွက် (ဒူအာ) ဆုတောင်းပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
Aung King (ကုလား)
ဓါတ်ပုံ - စစ်တွေမြို့လေဆိပ်အစည်းအဝေးခန်းမ —
https://m.facebook.com/?refsrc=http%3A%2F%2Fwww.google.com%2Fsearch&_rdr#!/min.set.10?__user=100004607852849
အထက်ပါ Link မှ ကူးယူဖော်ပြပါသည်။
MM-Generations. Powered by Blogger.
လတ်တလော တင်ထားသည့်ပို့စ်များ
-
နာတဲ့သူတွေကတော့ ဆဲမှာပဲဆဲချင်လည်း ဆဲပေါ့......................။ သူမပါရင် ပွဲမစည်ဘူးဆိုတဲ့ သဘောနဲ့ နေရာတကာ မျက်နှာပြောင်တိုက်တဲ့ .....
-
မျိုးချစ်စိတ်နိုးကြားစေမဲ့ စာအုပ်တွေ ပြန့်ပွားစေဖို့ ရှယ်ပေးကြပါ အာရဗီအစ္စလာမ်မလေးများ၏ ကြေကွဲဖွယ်ရာများ's photo. အစ္စလာမ်ကျူးကျော်သူများ...
-
*မြန်မာပြည်သာမက ကမ္ဘာအနှံ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ဖို့ ထိုင်းနိုင်ငံက အစပြုပြီ* ၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၀ရက် တနင်္ဂနွေနေ့ ...
-
ဗိုလ်ချုပ်အောင်ဆန်း က ဘီအိုင်အေ စစ်သားတွေကို သတ်တဲ့ မွတ်ကုလားရွာသူကြီး ကို လှံစွပ်နဲ့ စီရင်လိုက်တာ မယုံပါဘူး ဆိုတဲ့ လူငယ်လေးတွေ အတွက်ပါ ...
-
"အို..စစ်သည်.... ဘာသာမဟူ ပေါင်းညီကူခဲ့ မတူကွဲပြား အသားအသွေး မရွေးမချယ် တစ်နယ်ထဲသား ညီရင်းအလား ထားခဲ့ငြားလည်း ဖောက်ပြန်လီလီ ...
-
မြတ်စွာဘုရားလက်ထပ်က လက်ဝဲတော်ရံ ၊ လက်ယာတော်ရံ မထေရ်ကြီးတွေရဲ့ အရင်အဦးဆုံးဆရာ တိတ္တိကြီးတစ်ယောက် ရှိတယ်...........။ သူက သူ့ကိုယ်သူမှား...
-
ပြည်မြန်မာသား ချစ်ညီမများသို့  မိန်းမဖျက်လျှင် ပြည်ပျက်သည်ဟု ဆိုရိုးစကား မှတ်သားဘူးလိမ့်။ ယခုခေတ်အခါ ဆိုကြတော့မည် မိန်းမဖျက်က ပျက်လိမ့်...
0 ကျေးဇူးတင်ပါသည်:
Post a Comment
လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။