"အို..စစ်သည်.... ဘာသာမဟူ
ပေါင်းညီကူခဲ့ မတူကွဲပြား
အသားအသွေး မရွေးမချယ်
တစ်နယ်ထဲသား ညီရင်းအလား
ထားခဲ့ငြားလည်း ဖောက်ပြန်လီလီ
ရန်မူလေပြီ။
အို.စစ်သည်...
ပင်ကိုယ်စိတ်ရင်း
နူးညံ့ခြင်းနှင့် ဝံ့ကြွားထယ်ထယ်
ကမ္ဘာ့လယ်မှာ ရွှေသားမြန်မာ
ရှိခဲ့ပါလည်း၊ ဘသားငြူစူ
ကုန်းတိုက်ပူ၍ ခက်ထန်သယောင်
ပုံဆောင်ခဲ့ပြီ။
အို.စစ်သည်....
သင်၏နှမ၊ ချောအလှကို
သွေးသားစုပ်ယူ၊ မျိုးတူဇာတ်သွင်း
ညှင်းပန်းခြင်းနှင့်၊ ခြေရင်းနေဖွယ်
မယားငယ်သို့၊ မျိုးစုံရင်းနှီး
သိမ်းပိုက်နည်းလည်း
မြည်းစမ်းခဲ့ပြီ။
အို.စစ်သည်...
သင်ဦးချရာ၊
စေတီသာနှင့် ဘုရားရိုက်ချိုး၊
မီးပုံထိုး၍ ခြေဖြင့်တက်နင်း၊
စော်ကားခြင်းပြင် အောက်ဝတ်ပေါ်ထား၊
ဆေးသားရေးခြယ် ဂုဏ်ငယ်ဖွယ်လည်း၊
လုပ်ရဲခဲ့ပြီ။
အို.စစ်သည်...
သင်တို့အသိ၊ ငါ၏ရင်မှာ
နာတာမချိ၊ ဇာတိမြန်မာ
ဖာသိဖာသာ၊ နေလာထွက်သွား
မမြင်အားပြု၊ ထိုလူစုကို
ထောက်ပံ့မြှောက်စား၊
ဖျောက်ထားကာကွယ်
အရေးကြွယ်သား၊ မယားအလား
ဖောက်ပြားသူကို၊
အသင်ဘယ်သို့ပြုမည်နည်း။
post by .............ကိုသီရိ......
0 ကျေးဇူးတင်ပါသည်:
Post a Comment
လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။