အမျိုးသားရေးကို အစဉ်သတိရှိပါ
Home » » ဖတ်ကြည့်ပေါ့ဗျာ ဗဟုသုတ တစ်ခုတော့ရသွားမှာပါ

ဖတ်ကြည့်ပေါ့ဗျာ ဗဟုသုတ တစ်ခုတော့ရသွားမှာပါ


ကျနော်နဲ့ လူတစ်ယောက် ပြောခဲ့စကားလေးတွေကို တင်ပြပေးချင်ပါတယ်စာဖတ် ပရိသတ်အတွက် ဗဟုသုတ ရနိုင်မယ်လို့ ယုံကြည်လို့ပါ.................။(Blue Peace အမေး......)
ကို hpoehtet လူတယောက်မှာ မွေးလာကတည်းက အပြဌာန်း ခံလိုက်ရတဲ့
အချက်တော်တော်များများ ရှိတယ်။မွေးလာတဲ့ ကလေးတယောက်ဟာ သူဘာလူမျိုး
ဖြစ်ချင်တယ်ဆိုတာ ရွေးချယ်ခွင့်ရှိလား.....။သူ့မှာ အသားအရေ ဘာရောင်၊ ဆံပင်ဘာရောင်၊
မျက်လုံးဘာရောင်ဆိုတာကိုလည်း ရွေးချယ်ခွင့် ရှိလား...။

ယောက်ျားဖြစ်ချင်တယ် မိန်းမဖြစ်ချင်တယ်ဆိုတာကိုကောေ၇ွးချယ်ပိုင်ခွင့်ရှိလား..
အဖေ ဘယ်သူ အမေဘယ်သူ ဆိုတာလည်း သူ့မှာ ရွေးချယ်ခွင့်ရှိလား..။
သူဘယ်နိုင်ငံသား ဖြစ်ချင်တယ်ဆိုတာလည်း ရွေးချယ်ခွင့်ရှိလား...။

လူတယောက်ဟာ မွေးကတည်းက မိန်းမအဖြစ်နဲ့ မွေးလာတယ်..။မိန်းမအဖြစ်နဲ
မွေးလာလို့သူ့ကို ခွဲခြား ဆက်ဆံမယ်..။သူ့ကို အခွင့်အရေး တခုခု ဆုံးရှုံးစေမယ် ဆိုရင်
တရားတယ်လို့ ဆိုနိုင်မလား..။ဒီလိုပဲ လူတယောက်ကို မွေးရာပါ မည်းလာတဲ့
အသားကြောင့် တခြား လူတွေထက် အနှိမ်ခံရမယ် ၊အခွင့်အရေး တန်းတူမရဘဲ ခွဲခြား
ဆက်ဆံခံရမယ်ဆိုရင် ..တရားပါ့မလား.....။

အလားတူပဲ လူတယောက်ဟာ မိခင့်ရိုးရာ ၊ဖခင့် အစဉ်အလာကို လိုက်ပြီး မိရိုးဖလာ
လိုက်ပြီးယူလာတဲ့ ဘာသာတရားကြောင့် ၊အပြစ်တင် အရေးယူခံရရင် တရားမျှတတယ်
ဆိုနိုင်မလား..။ဒီလို သဘာဝရှိတဲ့ လူသားချင်း အတူတူ ၊သူလည်းလူ ငါလည်းလူပါလားလို့
သဘောမထားဘဲ၊..သူတို့က မွတ်စလင်အုပ်စု.. ငါတို့က ဗုဒ္ဓဘာသာ အုပ်စု ၊
သူ့အုပ်စုကလူတွေက ငါ့အုပ်စုကို ဘယ်လို မတရားလုပ်တယ် ။ သူ့အုပ်စုက
ငါ့အုပ်စုကို ဘယ်လိုကျူးကျော်တယ်..။

သူ့အုပ်စုကလူတွေကို ဘယ်လို ထိန်းချုပ်ရမယ်..။ဘယ်လို တုတ်နှောင် ကန့်သတ်ရမယ် ဆိုတဲ့
အတွေးအခေါ်အားလုံးဟာ ငါတကောကော ၊ကောတဲ့ ဝါဒမဟုတ်ရင် ဘာဝါဒလို့ ခေါ်ဆိုကြမလဲ
သဘာဝတရားပဲ ဆိုတာကို သဘောပေါက်ရင် ၊.ကိုယ်နဲ့ မတူရင် ရန်သူလို့ သဘောထားတဲ့
အယူအဆဟာ အလွန်သေးသိမ်တဲ့ အယူဝါဒဖြစ်တယ်လို့ မခေါ်ဆိုနိုင်ဘူးလား.. ငါ့လူမျိုးမှ

တကယ့်လူ ၊ငါ့ဘာသာမှ တကယ့်ဘာသာ ဆိုတဲ့ အယူဝါဒကို ဘာအယူဝါဒလို ခေါ်ဆိုနိုင်မလဲ
ကိုယ်လည်းလူ၊ သူလည်းလူ လူလူချင်းချင်း ကိုယ်ချင်းစာတရား ထားဖို့လိုတယ်..။
သူ့မှာလည်း ငါ့လို အသွေးနဲ့ အသားနဲ့ပါလားလို့ စာနာနားလည်တတ်ဖို့လိုတယ်..။
ဒီလို မဟုတ်ဘဲ လူတဖက်သားကို ဒုက္ခရောက်စေချင်တဲ့ ဆန္ဒသဘောတရားဟာ သူတော်ကောင်း
တရား မဟုတ်ဘူး ၊မွတ်စလင်ရယ်.. ဗုဒ္ဓဘာသာဝင်ရယ် မဟုတ်ဘူး အားလုံးကို မေတ္တာတရား
ထားရမှာ မဟုတ်ဘူးလား...........................။

(ထက်နေခ အဖြေ )
ဒီစကားကို ပြောတဲ့သူဟာ သဘာဝတရားထက် သဘောတရားကို ပိုပြီးခိုင်မာ ယုံကြည်
ထားသူလို့ သုံးသပ်ရပါတယ်...။ဒီတော့..ကျနော်အနေနဲ့လည်း သဘာဝတရားနဲ့ သဘော
တရားအကြောင်းကို အကျဉ်ချုပ် အနေနဲ့ ဖြေပေးပါ့မယ်........................................

သဘာဝ တရားမှာ အရှိကို အရှိတိုင်းပဲ ဖြစ်တည်ရပါတယ်..။အရှိကို အရှိတိုင်းမှ ပြုပြင်
ပြောင်းလဲ လိုက်တဲ့ အခြေအနေကို သဘောတရားလို့ ခေါ်ပါတယ်....။ကြက်ကနေလည်း
ပေါက်ဖွားလာရင် ကြက်ပါပဲ..။ဘဲမဖြစ်နိုင်ပါဘူး..။ဖြစ်ခွင့်လည်း မရှိပါဘူး..............။

ဒီသဘောပါပဲ....။မွတ်ဆလင် ဗုဒ္ဒဘာဘာ လူဖြူ လူမဲ...မြန်မာ ကုလား အားလုံးဟာ
လူဆိုတဲ့ သဘာဝတရားပါ...။သို့ပေမဲ့ အဲဒီလူတွေဆီကို ဘာသာတရားဆိုတဲ့ ပြုပြင်မှု
တစ်ခုက သဘောတရား အဖြစ်နဲ့ ပြောင်းလဲလိုက်ချိန်မှာ နဂိုရှိပြီးသား လူဟာ အဖြူအမဲ
ကွဲသလို စိတ်နေသဘောထားက အစ အားလုံးကွဲပြားကုန်ပါတယ်.......................။

ဒါကြောင့် လူဆိုတဲ့ သဘာဝ အရှိတရားထဲကနေပဲ..အဆိုး...အကောင်း..ဆိုတဲ့ သဘောတရား
အရ လူဆိုး လူကောင်းလို့ ခွဲခြားသွားတာပေါ့.....................။

သဘာဝ တရားချင်း မည်မျှတူညီစေကာမူ သဘောတရားချင်း ကွဲပြားမှုမှာပဲ.....ထပ်ပြီး
အကျိုးရလာဒ်တွေ ပွားစည်းလာပါတယ်.....။လူကောင်းချင်း ပေါင်းရင် ကောင်းသော ရလာဒ်
လူးဆိုချင်းပေါင်းရင် ဆိုးသော ရလာဒ် မည်သကဲ့သို့ပါ...........။

လူဆိုး လူကောင်း ၂ခုပေါင်းစည်း ချိန်မှာတော့..သဘောတရားကြောင့်ပဲ သဘာဝတရားက
ပျက်ဆီးသွားတတ်ကြတာမို့....။ပေါင်းစပ်မှုအတွက် နောက်ထပ် ထင်ဟပ်ခြင်း ပုံရိပ်တစ်ခုလည်း
လိုအပ်လာပါတယ်.....။အဲဒါကတော့ စည်းကမ်း ဆိုတာပါပဲ..............။

လူတစ်ယောက်ရဲ့ စည်းကမ်းဟာ အကျင့်စာရိတ္တပါ...။တစ်ယောက်နဲ့ တစ်ယောက်ပေါင်းစည်း
ဖို့အတွက် စာရိတ္တချင်း မတူညီပဲ မဖြစ်နိုင်တာကလည်း နိယာမ တစ်ခုပါပဲ..။ကောင်းသော
ပေါင်းစည်းခြင်းအတွက် ကောင်းသော စာရိတ္တဆိုတာ လုံးဝ လိုအပ်ပါတယ်..............။

ဒီတော့ သဘာဝချင်း ဘယ်မျှ တူညီပါစေ....။သဘောတရားကိုလည်း ပစ်ပယ်ထားရင်
လုံးဝ ပေါင်းစပ်မရပါ.....။......................။စကားချပ်......................။

မြန်မာလူမျိုးများသည် အတ္တ၀ါဒီ ကိုင်ဆောင်ထားသူများ မဟုတ်ပါ.....။
ဝိဘဇ္ဖ ၀ါဒီများသာဖြစ်ပါတယ်….။လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ လူမှုကျင့်ဝတ်
မချိုးဖောက်ဘူးဆိုရင် မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး..ဘယ်နေရာမှာမဆို တန်းတူ
အခွင့်အရေး ရမှာပါ…..။တန်းတူ အခွင့်အရေးလိုချင်ရင်တော့ လိုချင်တဲ့ နိုင်ငံရဲ့
အမျိုးသားရေးနဲ့ ဥပဒေကိုတော့ လေးစားဖို့လိုတာ လူယဉ်ကျေးတွေရဲ့ စရိုက်ပါပဲဗျာ.

ထက်နေခ

0 ကျေးဇူးတင်ပါသည်:

Post a Comment

လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။

အမျိုးသားရေးကို ကာကွယ်ပါ