အမျိုးသားရေးကို အစဉ်သတိရှိပါ
Home » , » OIC မြန်​မာနိုင်​ငံသို့ လာ​ရောက်​ခြင်းကို ကန့်ကွက် ဆန္ဒဖော်ထုတ်ရေး ကော်မတီမှ သဘောထားကြေညာချက်

OIC မြန်​မာနိုင်​ငံသို့ လာ​ရောက်​ခြင်းကို ကန့်ကွက် ဆန္ဒဖော်ထုတ်ရေး ကော်မတီမှ သဘောထားကြေညာချက်

ရက်စွဲ ။ ။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက် ၁။ ပြည်ထောင်စု မြန်မာနိုင်ငံတွင် (၁၃၅)မျိုးသော တိုင်းရင်းသားထဲမှာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီလူမျိုးများမပါဝင်၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးများ လုံးဝမရှိပါဟု “အစိုးရအဖွဲ့မှ ကြေညာ ချက်” အား ထောက်ခံသည်။ ၂။ မြန်မာနိုင်ငံတွင် လူမျိုးသုန်း သတ်ဖြတ်ခြင်းမရှိ၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးများ ဘယ်တုန်းကမှ မရှိခဲ့သလို ရှိနေကြသော ဘင်္ဂါလီများသည်လည်း တစ်ဘက်နိုင်ငံမှ ခိုးဝင်ရောက်ရှိလာ သူများသာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်ကြေညာချက်အား ထောက်ခံသည်။ ၃။ နိုဝင်ဘာလ(၃)ရက်နေ့ ကုလသမဂ္ဂရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် OIC အတွင်ေးရးမှူးချုပ်မှ လူနည်းစုရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်ပေးရန်နှင့် ရိုဟင်ဂျာ ဥပဒေများကို ပြဌာန်းရန် မြန်မာနိုင်ငံအစိုးရအား ဖိအားပေးတောင်းဆိုမည့် ထိုကြေညာချက်အား (လုံးဝ) ကန့်ကွက်သည်။ ၄။ မြန်မာနိုင်ငံ၌ ဆူပူအုံကြွမှုများကို OIC မှ ပုံကြီးချဲ့ ဘာသာရေး ပဋိပက္ခများအသွင်ဆောင်သော လူမျိုးတုန်းသတ်ဖြတ်ခြင်းဟူ၍ စွပ်စွဲကာ မြန်မာနိုင်ငံအား ဖိအားပေးမှု ၊ ၀င်ရောက်စွပ်ဖက်မှုများနှင့် မဟုတ်မမှန်သတင်းမှား ထုတ်ပြန်ဝါဒဖြန့်မှုများကို(လုံးဝ)ကန့်ကွက်သည်။ ၅။ (၂၇-၁၀-၂၀၁၃)ရက်နေ့ ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်အတွင်းသို့ ဘင်္ဂလားဒေ့ရ် နိုင်ငံမှ ဘင်္ဂါလီ(၂၁)ဦး တရားမ၀င်ခိုးဝင်လာခြင်းသည် နယ်စပ်လုံခြုံရေး အားနည်းချက်ရှိကြောင်းကို ပြသရာရောက်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့များ အပြည့်အ၀ ချထားပေး ပါရန်နှင့် မြန်မာနိုင်ငံသားဥပဒေ(၁၉၈၂)ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ပြီး၊ တရားမ၀င် ခိုးဝင်ဘင်္ဂါလီများအား ထိရောက်စွာအရေးယူပြီး ၎င်းတို့၏ နိုင်ငံများသို့ ပြန်လည်ပို့ဆောင် ပေးပါရန် တောင်းဆိုအပ်သည်။ ဆန္ဒထုတ်ဖော်ရေးကော်မတီ ရန်ကုန်မြို့

0 ကျေးဇူးတင်ပါသည်:

Post a Comment

လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။

အမျိုးသားရေးကို ကာကွယ်ပါ