*မြန်မာပြည်သာမက ကမ္ဘာအနှံ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ဖို့ ထိုင်းနိုင်ငံက အစပြုပြီ*
၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၀ရက် တနင်္ဂနွေနေ့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖပဒဲအရပ် ရှိ ၀ပ်ကျားဒဲန် ကျောင်းတိုက်တွင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ထိုင်းနိုင်ငံ) အား ဖွဲ့စည်းတည်ထောင်ခဲ့ရာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ပဓာနာယက နိုင်ငံတော်သြ၀ါဒါစရိယ ဘဒ္ဒန္တ တိလောကာဘိဝံသ တက်ရောက်ခဲ့ပြီး အမျိုးဘာသာသာသနာ အရေးနှင့်ဆိုင်သော သြ၀ါဒစကားကို အဆိုပါကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံအပေါ်ထပ်တွင် မြွက်ကြားခဲ့ပါသည်။
ယင်းတရားပွဲသို့ ထောင်နှင့်ချီသော မြန်မာများနှင့်အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းတင် အမှုးပြုသော သံအဖွဲ့ဝင်များလည်း တရားတော်နာယူခဲ့ကြောင်းသိရပါသည်။
အသေးစိတ်ကို သာကီသွေးဂျာနယ် အတွဲ (၁) အမှတ် (၈) တွင် ဆောင်းပါးရှင် မောင်ကြယ်စင်(မျိုးချစ်) ကရေးသား ကျေးဇူးပြုထားပါသည်။



