အမျိုးသားရေးကို အစဉ်သတိရှိပါ

{မရှက်တတ်သူများ အတွက်..အရှက်ကဗျာ}

ရိက္ခာအတွက်
သိက္ခာတော့ အပျက်မခံ၊
လူ့တစ်လွှားမှာလည်း
မုသားလျှာ သကာဖုံး
ပြုံးပန်းမပန်၊
နှလုံးခါးနဲ့လည်း အကောက်မကြံ၊
ဖောက်ပြန်တဲ့လမ်းကိုလည်း မလျှောက်၊
ဘ၀တာရေတစ်ပွက်မှာ
အလှမပါလို့ အနေခက်ပေမယ့်
ခနတာ အသရေပျက်မှာကိုတော့
                                                                   သေမှာထက်ကြောက်…..။

-မြေလတ်မောင်မြင့်သူ

သမိုင်းထဲက လူ


 လူမျိုးတိုင်းမှာ
လူမျိုးဂုဏ်သိက္ခာ အတွက်
သမိုင်းဆိုတာလည်း ရှိရပါတယ်...။

သမိုင်းမရှိတဲ့ လူမျိုးမှာ
ယဉ်ကျေးမှုဆိုတာ မရှိပါဘူး...။

အမှောင်ကျသွားတဲ့ ခေါင်းဆောင်တစ်ဦး


မြတ်စွာဘုရားလက်ထပ်က
လက်ဝဲတော်ရံ ၊ လက်ယာတော်ရံ မထေရ်ကြီးတွေရဲ့
အရင်အဦးဆုံးဆရာ တိတ္တိကြီးတစ်ယောက် ရှိတယ်...........။

သူက သူ့ကိုယ်သူမှားနေမှန်း သိတယ်..ဒါပေမဲ့ မပြင်ဘူး
သူပြောတဲ့ စကားတစ်ခွန်းရှိတယ်...။ ။

ရသစာစု

ကျွန်တော်၏ ဘ၀တွင် အဖတ်အများဆုံးသော စာအုပ်အမျိုးအစားမှာ ၀တ္ထုစာအုပ် အမျိုးအစား ဖြစ်သည်။ ထိုဝတ္ထု စာအုပ်ထဲတွင် ဘာသာပြန်အမျိုးအစားကို အဖတ်များခဲ့သည်။ လူတစ်ဦးကို လွမ်းမိုးစေသော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားများတွင် စာဖတ်ခြင်းသည်ပါဝင်သည်။
    ယခုအခါ တစ်ခါတစ်ရံ စဉ်းစားမိသောအခါ တချို့စာအုပ်များသည် ဂန္ဓ၀င်အမျိုးအစားတွင် မပါဝင်ကြပါ။ သို့သော်လည်း ကျွန်တော်စိတ်ကို နှစ်ပေါင်းများစွာ လွှမ်းမိုးလျှက် ရှိသည်။ ထိုစာအုပ်များမှ ဘ၀အမြင်များသည် ကျွန်တော်၏ စိတ်ဓာတ်ကို ပုံသွင်းခဲ့သည်ဟုတောင် ဆို၍ရသည်။ ထို့ကြောင့် ဘာသာပြန် စာရေးဆရာကြီးများကို အလွန်ကျေးဇူးတင်ခဲ့ရပါသည်။
အမျိုးသားရေးကို ကာကွယ်ပါ