ရိက္ခာအတွက်
သိက္ခာတော့
အပျက်မခံ၊
လူ့တစ်လွှားမှာလည်း
မုသားလျှာ
သကာဖုံး
ပြုံးပန်းမပန်၊
နှလုံးခါးနဲ့လည်း
အကောက်မကြံ၊
ဖောက်ပြန်တဲ့လမ်းကိုလည်း
မလျှောက်၊
ဘ၀တာရေတစ်ပွက်မှာ
အလှမပါလို့
အနေခက်ပေမယ့်
ခနတာ အသရေပျက်မှာကိုတော့
သေမှာထက်ကြောက်…..။
-မြေလတ်မောင်မြင့်သူ
0 ကျေးဇူးတင်ပါသည်:
Post a Comment
လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။