အမျိုးသားရေးကို အစဉ်သတိရှိပါ

၉၆၉



                                         ၉၆၉ 
                                   
၉၆၉ဆိုတဲ့ ဂဏန်းသုံးလုံးဟာ ဘုရားဂုဏ်တော် ၉ပါး တရားဂုဏ်တော် ၆ပါး သံဃာ.ဂုဏ်တော် ၉ပါး ကိုရည်ညွန်းထားတာဖြစ်ပါတယ်။

~~ဘုရားဂုဏ်တော် ၉ပါး~~

၁။အရဟံ =ကိလေသာအညစ်အကြေးတို့မှကင်းစင်တော်မူသော မြတ်စွာဘုရား။

၂။သမ္မာသဗ္ဗုဒ္ဓေါ=တရားအလုံးစုံ ဆရာမရှိ ကိုယ်တိုင်သိတဲ. မြတ်စွာဘုရား

၃။ဝိဇ္ဇာစရဏသမ္ပန္နော=သုံးရှစ်ဝိဇ္ဇာ စရဏများ။ဆယ်.ငါးပါးနဲ.ပြည်.စုံပါသောမြတ်စွာဘုရား

၎။သုဂတော ။ ကောင်းတဲ.စကားကို မိန်.ဆိုတတ်လို.။ နိဗ္ဗာန်မြတ်သို.ကြွသွားတော်မူသော မြတ်စွာဘုရား။

၅။လောက၀ိဒူ။ လောက သုံးပါးကို ခွဲခြားသိမြင်တော် မူသော မြတ်စွာဘုရား။

၆။အနုတ္တရောပုရိသ။မယဉ်ကျေးသူ ယဉ်ကျေးအောင် ဆုံမတွင် ဓမ္မသာရထိ အတုမရှိသောမြတ်စွာဘုရား။

၇။သတ္ထာဒေ၀ မနုဿာနံ။လူ-နတ်-ဗြဟ္မာ သတ္တ၀ါများရဲ. ဆရာတဆူဖြစ်တော် မူသောမြတ်စွာဘုရား။

၈။ဗုဒ္ဓေါ ။သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားသိမြင်တော်မူသော မြတ်စွာဘုရား။

၉။ဘဂ၀ါ ။ ဘုန်တော်ခြောက်စုံ ဂုဏ်တော်မြတ်နှင်.ပြည်.စုံတော် မူသောမြတ်စွာ ဘုရား။

~~~~တရားဂုဏ်တော် ၆ပါး~~~~

၁။သွာက္ခာတော ။ ဘုရားမြတ်စွာ ။ ဟောညွန်ပြတဲ. အမှန်မြတ်တဲ.ဂုဏ်တော်။

၂။သန္ဒိဋ္ဌိကော ။ကိုယ်တိုင်ကျင်.ရင် ကိုယ်တိုင်သိရတဲ. သန္ဒိဋ္ဌိကော ဂုဏ်တော်။

၃။အကာလိကော ။ ချက်ချင်းအမြန် အကျိုးရလို. အကာလိက ဂုဏ်တော်။

၎။ဧဟိပဿိကော ။လာပါ ။ကျင်.ပါ ဖိတ်ခေါ်အပ်တဲ. အမှန်မြတ်တဲ. ဂုဏ်တော်။

၅။သြပနေယျိကော။ ကိုယ်နဲ.စိတ်မှာ၊အမြဲဆောင်ကပ်လို. အမှန်မြတ်တဲ. ဂုဏ်တော်။

၆။ပပစ္စတ္တံ ဝေဒိတဗ္ဗော ။အရိယဆို၊ ကိုယ်စီ သိလို. ခံစားအပ်တဲ.ဂုဏ်တော်။

~~~~သံဃာ. ဂုဏ်တော် ၉ပါး~~~~

၁။သုပ္ပဋိပန္နော ။ ကိလေသာငြိမ်းကြောင်း ကောင်းစွာကျင့်ကြံတတ်တဲ့ ဂုဏ်တော်။

၂။ဥဇုပ္ပဋိန္နော။ သာဌေမာယာ ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော်မူတဲ့ ဂုဏ်တော်။

၃။ဥာယပ္ပဋိပန္နော။ နိဗ္ဗာန် ရောက်ရန် အကျင့်မြတ်ကို ကျင့်ကြံတတ်တဲ့ ဂုဏ်တော်.။

၎။သာမိစိပ္ပဋိပန္နော။ ရိုသေထိုက်အောင်၊အကျင့်မြတ်ကို ကျင့်ကြံ တတ်တဲ့ဂုဏ်တော်။

၅။အာဟုနေယျော။အဝေးကယူလာ၊ပစ္စည်းများကို ခံယူထိုက်တဲ့ဂုဏ်တော်။

၆။ပါဟုနေယျော။ လက်ဆောင်အလို.ငုာ၊ပစ္စည်းများကို ခံယူထိုက်တဲ.ဂုဏ်တော်။

၇။ဒက္ခိဏေယျော။ နောင်အကျိုးကို မျှော်ကာပြုတဲ. ကောင်းမှူ. ကံထိုက်၊ ဂုဏ်တော်။

၈။အဉ္စလိကရဏီယျော။လက်အုပ်ချီကာ ရှိခိုးအပ်ဖို. ကျင်.ကြံအပ်တဲ. ဂုဏ်တော်။

၉။အနုတ္တရံ ပုညခေတ္တံ လောကဿ ။ကောင်း မှူစိုက်ရာ မြေယာကောင်းသို. နိုင်း ယှဉ်တူကြောင်း ဂုဏ်တော်။
တို့ဖြစ်ကြပါသည်။

ဂုဏ်တော် များအားကိုယ်တိုင်သိပြီး အဓိပ္ပါယ်ရှိသော ၉၆၉ ဂဏန်းအတွက် ဗုဒ္ဓဘာသာဝင်များ ဂုဏ်ယူတတ်ကြပါစေ။

***၉၆၉ အသိရှိပြီးသူသည်***

မိမိနှင့်ဘာသာတူသူဆိုင်မှာသာ ၀ယ်ယူခြင်း

မိမိနှင့် ဘာသာတူကိုသာ ပေါင်သင်း ဆက်ဆံ ထိမ်းမြားလက်ထပ်ခြင်း

မိမိတို့၏ ရင်သွေးနှင့်တကွ မိမိပတ်ဝန်းကျင်ရှိ ဗုဒ္ဓဘာသာဝင်တို့အားလက်ဆင့်ကမ်း အသိဖြန့်ဝေခြင်းတို့ဖြင့်

မိမိကိုးကွယ်ရာ ဘာသာသာသနာကို တည်တန့်ရှည်ကြာအောင် ထိမ်းသိမ်းနိုင်ကြမည်ဟု

 ယုံကြည်စွာဖြင့်
                                                                                                               (မင်းလှမျိုးချစ်)

မြန်မာအမျိုးဂုဏ်နှင့် မြန်မာ့အမျိုးသမီးကလေးများ

                       ယခင်က အမျိုးစောင့်ဥပဒေ မရှိခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသားများ အထူးသဖြင့် မြန်မာ့ အမျိုးသမီးများ ထိခိုက်နစ်နာခဲ့ရသည်၊ လူ့အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။ သူများ အနိုင်ကျင့်ချင်တိုင်း အကျင့်ခံခဲ့ရသည်။ မည်သူမှလည်းကူညီကာကွယ်ခွင့်မရခဲ့ တစ်ချို့ဆိုလျှင်“ဘုံမယား” ပြုကျင့်ခံခဲ့ရသည်၊ အချို့ဆိုလျှင် မခံနိုင်သည့်အဆုံး ကိုယ့်ကိုကိုယ် သတ်သေသွားကြရသည်။ ကူညီစောင့်ရှောက်ပေးလိုသူရှိသော်လည်း ကူညီစောင့်ရှောက်ပေးနိုင်မည့် နည်းလမ်းမရှိခဲ့။

အဆိုပါ လူ့အခွင့်အရေးများ မဆုံးရှုံးမနစ်နာစေရန်ဂုဏ်သိက္ခာမြင့်တက်စေရန် သူတစ်ပါး၏ အနိုင်အကျင့် မခံရစေရန် ရည်ရွယ်၍ အမြော်အမြင်ရှိသူများက အမျိုးစောင့်ဥပဒေ ဖြစ်ရေးကို ကြိုးစားအားထုတ်နေကြသည်။

ဤ အမျိုးစောင့်ဥပဒေ ၌ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ဘာသာသာသနာ အခွင့်အရေး၊ ပိတ်ပင်တားဆီးမှု၊ ဖျက်ဆီးမှု၊ လုံးဝမပါ၊ မြန်မာ့အမျိုးသမီးများ စိတ်တိုင်းကျ လက်ထပ်ခွင့်ကိုလည်း ပိတ်ပင်တားဆီးခြင်းမရှိ၊ သို့သော် လက်ထပ်ပြီးနောက် မြန်မာ့အမျိုးသမီးများ အခွင့်အရေး ထိခိုက်မှု နစ်နာမှု ဆုံးရှုံးမှု မရှိစေရန်တော့ ဤ အမျိုးစောင့်ဥပဒေ က အကူအညီပေးနေမည်သာဖြစ်သည်၊ လူမျိုးတိုင်းနိုင်ငံတိုင်းဘာသာတိုင်း မိမိအတွက် ထိခိုက်နစ်နာမှုမရှိအောင် ကာကွယ်ခွင့်ရှိကြသည်။ ကိုယ့်ခြံစည်းရိုး ကိုယ်ကာရမည်မှာ လုပ်သင့်သည့် လုပ်ငန်းသာဖြစ်သည်။ မည်သူမှဟန့်တားပိုင်ခွင့်မရှိ။

အမျိုးဘာသာချစ်သူတိုင်း ဤဥပဒေကိုနားလည်နိုင်ကြပါစေ။

တာဝန်သိသိ သစ္စာရှိရှိ

ဗုဒ္ဓက လင်ယူသားမွေး အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဟောကြားခဲ့တာမျိုး လမ်းညွှန်ခဲ့တာမျိုး ရှိပါသလား? (ရွှေစုန်းချောင်းဆရာတော် အရှင်ဝိစိတ္တာလင်္ကာရ ၏ အဖြေမှ တစ်ချို့ကို ကောက်နှုတ်ဖော်ပြပါသည်)

> မြတ်စွာဘုရားက ဥဂ္ဂဟ သူကြွယ်ရဲ့ သမီးတွေကို အခုလိုဆုံးမစကား ဟောကြားတော် မူပါတယ်။

 ၁။ သမီးတို့ သင်တို့သည် လင်ယောက်ျား၏ ရှေးဦးစွာ အိပ်ယာမှထသူ နောက်မှအိပ်သူ ဘာလုပ်ရပါမည်လဲဟု မေး၍ ပြုရမည့်အလုပ်ကို နာခံသူ ချစ်ဖွယ်သောစကားကို ပြောဆိုတတ်သူ ဖြစ်အောင် အားထုတ်ကြရမည်။

 ၂။ သမီးတို့ သင်တို့သည် လင်ယောက်ျား လေးစားမြတ်နိုးအပ်သော ရဟန်းပညာရှိတို့အား အရိုအသေ ပြုကြရမည်။

 ၃။ သမီးတို့ သင်တို့သည် သိုးမွှေးချည် ဝါချည်တို့နှင့်ဆိုင်သော အိမ်တွင်းမှုလုပ်ငန်းတို့၌ ကျွမ်းကျင်လိမ်မာသူ စီမံခန့်ခွဲနိုင်သူများ ဖြစ်အောင် အားထုတ်ကြရမည်။

 ၄။ သမီးတို့ သင်တို့သည် လင်ယောက်ျား၏ ကျေးကျွန်အလုပ်သမားများ အလုပ် လုပ်မလုပ်ကို သိအောင်ပြုကြရမည်။ မကျမ်းမာသော အလုပ်သမားများကို အလုပ်လုပ်နိုင်လောက်အောင် အင်အားရှိမရှိကို သိကြရမည်။ စားဖွယ်သောက်ဖွယ်များကို အချိုးကြ ခွဲဝေပေးကြရမည်။

 ၅။ သမီးတို့ သင်တို့သည် လင်ယောက်ကျား ရှာဖွေရရှိထားသည့် ပစ္စည်းဥစ္စာတို့ကို လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်။ ပစ္စည်းကို ခိုးဝှက်သူ ဖျက်ဆီးသူ သေရည်သေရက် သောက်စား ယောက်ျားတစ်ပါးတို့နှင့် ပျော်ပါးသူ မဖြစ်အောင် စောင့်ထိန်းကြရမည်။

 >သမီးတို့ ဤ ငါးပါးနှင့် ပြည့်စုံသော မာတုဂါမသည် သေလွန်သောအခါ နှစ်သက်ဖွယ်ရာ ကိုယ်ခန္ဓာရှိသော မနာပတာယိကာ နတ်တို့၏ အပေါင်းအဖေါ် အဖြစ်သို့ ရောက်ရပေ၏။ ဟုမိန့်ခဲ့ပါသည်။ မနာပတာယိကာ နတ်နဲ့ အပေါင်းအဖော် မဖြစ်ချင်လို့ မလိုက်နာဘူးတော့ မလုပ်ကြနဲ့ပေါ့ဗျာ။ ဒီထက်မကတဲ့ ဘုရားဟောတွေလဲ အများကြီးရှိပါတယ်။ ဒီလောက်ဆို အမျိုးကိုစောင့်ရှောက်တဲ့ သံဃာတော်တွေဟာ ဘုရားကိုယ်စား တာဝန်သိသိ သစ္စာရှိရှိ သာသနာ့ ဝန်ထမ်းတွေ ဆိုတာ သဘောပေါက်လောက်ပါပြီ။

 ကိုသီရိ
့

ငရဲသတ္တ၀ါ ချိုတူးဇော် (မိန်းမကိုးကွယ်သူ)

                         (ချိုတူးဇော် ပြောစကား)
ဆရာတော်တွေက သာသနာအတွက် လုပ်ကြပါသတဲ့လား. . .
သံဃာ ဆိုတာ သံဃာအလုပ်လုပ်ရင် ဘာမှကို အပိုလုပ်စရာမလိုဘဲ သာသနာစည်ပင်ထွန်း
ကားတယ်ဗျ။ သေချာ လေ့လာဦး။စွန်းလွန်းဆရာတော်ဦးက၀ိ ဘာမှ မသိဘူး ဖေါင်းတယ်၊ ပိန်တယ်၊
အာနာပါန ၀င်တယ်ထွက်တယ် ပဲ ဒုံးဒုံးချ လုပ်ခဲ့တာ။ရဟန်းကိစ္စ ပြီးတော့ ၃၁ ဘုံ ဒိုးယိုးပေါက်မြင်ရ၊
ရှိရှိသမျှ နတ်ဗြဟ္မာတွေ က လူ့ပြည်မှာ ရဟန္တာတပါး ပွင့်တယ် ဟေ့ လာဖူးကြလို့ အော် ကာ ခြံရံလာပါသတဲ့။သာသနာ ကို တကယ် ထွန်းကားစေလိုတဲ့ သံဃာမှန်သမျှအမှန်တကယ်
အားထုတ်ရမှာဘာလဲ ရှင်းပါတယ်နော်။

အမျိုးသားရေးကို ကာကွယ်ပါ