အမျိုးသားရေးကို အစဉ်သတိရှိပါ
Home » » တာဝန်သိသိ သစ္စာရှိရှိ

တာဝန်သိသိ သစ္စာရှိရှိ

ဗုဒ္ဓက လင်ယူသားမွေး အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဟောကြားခဲ့တာမျိုး လမ်းညွှန်ခဲ့တာမျိုး ရှိပါသလား? (ရွှေစုန်းချောင်းဆရာတော် အရှင်ဝိစိတ္တာလင်္ကာရ ၏ အဖြေမှ တစ်ချို့ကို ကောက်နှုတ်ဖော်ပြပါသည်)

> မြတ်စွာဘုရားက ဥဂ္ဂဟ သူကြွယ်ရဲ့ သမီးတွေကို အခုလိုဆုံးမစကား ဟောကြားတော် မူပါတယ်။

 ၁။ သမီးတို့ သင်တို့သည် လင်ယောက်ျား၏ ရှေးဦးစွာ အိပ်ယာမှထသူ နောက်မှအိပ်သူ ဘာလုပ်ရပါမည်လဲဟု မေး၍ ပြုရမည့်အလုပ်ကို နာခံသူ ချစ်ဖွယ်သောစကားကို ပြောဆိုတတ်သူ ဖြစ်အောင် အားထုတ်ကြရမည်။

 ၂။ သမီးတို့ သင်တို့သည် လင်ယောက်ျား လေးစားမြတ်နိုးအပ်သော ရဟန်းပညာရှိတို့အား အရိုအသေ ပြုကြရမည်။

 ၃။ သမီးတို့ သင်တို့သည် သိုးမွှေးချည် ဝါချည်တို့နှင့်ဆိုင်သော အိမ်တွင်းမှုလုပ်ငန်းတို့၌ ကျွမ်းကျင်လိမ်မာသူ စီမံခန့်ခွဲနိုင်သူများ ဖြစ်အောင် အားထုတ်ကြရမည်။

 ၄။ သမီးတို့ သင်တို့သည် လင်ယောက်ျား၏ ကျေးကျွန်အလုပ်သမားများ အလုပ် လုပ်မလုပ်ကို သိအောင်ပြုကြရမည်။ မကျမ်းမာသော အလုပ်သမားများကို အလုပ်လုပ်နိုင်လောက်အောင် အင်အားရှိမရှိကို သိကြရမည်။ စားဖွယ်သောက်ဖွယ်များကို အချိုးကြ ခွဲဝေပေးကြရမည်။

 ၅။ သမီးတို့ သင်တို့သည် လင်ယောက်ကျား ရှာဖွေရရှိထားသည့် ပစ္စည်းဥစ္စာတို့ကို လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်။ ပစ္စည်းကို ခိုးဝှက်သူ ဖျက်ဆီးသူ သေရည်သေရက် သောက်စား ယောက်ျားတစ်ပါးတို့နှင့် ပျော်ပါးသူ မဖြစ်အောင် စောင့်ထိန်းကြရမည်။

 >သမီးတို့ ဤ ငါးပါးနှင့် ပြည့်စုံသော မာတုဂါမသည် သေလွန်သောအခါ နှစ်သက်ဖွယ်ရာ ကိုယ်ခန္ဓာရှိသော မနာပတာယိကာ နတ်တို့၏ အပေါင်းအဖေါ် အဖြစ်သို့ ရောက်ရပေ၏။ ဟုမိန့်ခဲ့ပါသည်။ မနာပတာယိကာ နတ်နဲ့ အပေါင်းအဖော် မဖြစ်ချင်လို့ မလိုက်နာဘူးတော့ မလုပ်ကြနဲ့ပေါ့ဗျာ။ ဒီထက်မကတဲ့ ဘုရားဟောတွေလဲ အများကြီးရှိပါတယ်။ ဒီလောက်ဆို အမျိုးကိုစောင့်ရှောက်တဲ့ သံဃာတော်တွေဟာ ဘုရားကိုယ်စား တာဝန်သိသိ သစ္စာရှိရှိ သာသနာ့ ဝန်ထမ်းတွေ ဆိုတာ သဘောပေါက်လောက်ပါပြီ။

 ကိုသီရိ

0 ကျေးဇူးတင်ပါသည်:

Post a Comment

လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။

အမျိုးသားရေးကို ကာကွယ်ပါ