
အဆိုပါ လူ့အခွင့်အရေးများ မဆုံးရှုံးမနစ်နာစေရန်ဂုဏ်သိက္ခာမြင့်တက်စေရန် သူတစ်ပါး၏ အနိုင်အကျင့် မခံရစေရန် ရည်ရွယ်၍ အမြော်အမြင်ရှိသူများက အမျိုးစောင့်ဥပဒေ ဖြစ်ရေးကို ကြိုးစားအားထုတ်နေကြသည်။
ဤ အမျိုးစောင့်ဥပဒေ ၌ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ဘာသာသာသနာ အခွင့်အရေး၊ ပိတ်ပင်တားဆီးမှု၊ ဖျက်ဆီးမှု၊ လုံးဝမပါ၊ မြန်မာ့အမျိုးသမီးများ စိတ်တိုင်းကျ လက်ထပ်ခွင့်ကိုလည်း ပိတ်ပင်တားဆီးခြင်းမရှိ၊ သို့သော် လက်ထပ်ပြီးနောက် မြန်မာ့အမျိုးသမီးများ အခွင့်အရေး ထိခိုက်မှု နစ်နာမှု ဆုံးရှုံးမှု မရှိစေရန်တော့ ဤ အမျိုးစောင့်ဥပဒေ က အကူအညီပေးနေမည်သာဖြစ်သည်၊ လူမျိုးတိုင်းနိုင်ငံတိုင်းဘာသာတိုင်း မိမိအတွက် ထိခိုက်နစ်နာမှုမရှိအောင် ကာကွယ်ခွင့်ရှိကြသည်။ ကိုယ့်ခြံစည်းရိုး ကိုယ်ကာရမည်မှာ လုပ်သင့်သည့် လုပ်ငန်းသာဖြစ်သည်။ မည်သူမှဟန့်တားပိုင်ခွင့်မရှိ။
အမျိုးဘာသာချစ်သူတိုင်း ဤဥပဒေကိုနားလည်နိုင်ကြပါစေ။
0 ကျေးဇူးတင်ပါသည်:
Post a Comment
လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။