အမျိုးသားရေးကို အစဉ်သတိရှိပါ
Home » » ကလေးများရဲ့ အနာဂတ်ကို ဓားစာခံမလုပ်ပါနဲ့

ကလေးများရဲ့ အနာဂတ်ကို ဓားစာခံမလုပ်ပါနဲ့



အမြင်လုံးဝ မတော်လို့ တင်ပြပေးလိုက်ရတာပါ
တင်တဲ့သူကော ဖန်တီးပေးတဲ့သူပါ ဖြစ်သင့်၏ မဖြစ်သင့်၏ မစဉ်းစား
ဝါဒပြန့်ရင် ပြီးရောအနေအထားမျိုးနဲ့ မလုပ်သင့်တာကို လုပ်နေကြတယ်..........။

၈၈ တုန်းကလည်း ဒီလိုပဲ ကလေးတွေကို မြှောက်ပေးပြီး ဓားစာခံလုပ်ခဲ့ကြတယ်
အခုလည်း ၀ါဒပြန့်ပွားရေးအတွက်နဲ့ မူလတန်းကျောင်းက ကလေးတွေကို ဓားစာခံ
လုပ်ပြန်ပြီ ဆင်ခြင်မှုနည်းတယ်လို့ ပြောရမယ်တူပါတယ်.............။

ဒီအသက်အရွယ်တွေမှာ ဘယ်သူက ကောင်း၏ မကောင်း၏
လုပ်ရပ်မှန်၏ မမှန်၏ ခွဲခြားမရနိုင်သေးပါ..။ဒေါ်စုအကြောင်းကို ကျောင်းသင်္ခန်းစာမှာ
ထည့်သွင်းမထားသည့်အတွက် အပြည့်အစုံမသိနိုင်ပါ.............။

အကယ်၍များ စာသင်ခန်းဆရာက မြှောက်ပေးလို့ လုပ်ရတယ်ဆိုရင် အဲဒီဆရာ
နလပိန်းပဲဖြစ်မှာပါ....။ဖန်တီးသူက လိုချင်ရာဆွဲရေးထားတဲ့ စာကြောင်းတွေအောက်မှာ
ကလေးများရဲ့ ဆင်ခြင်ပိုင်းခြား ဝေဖန်မှု ညဏ်ရည်ကိုမဖျက်ဆီးသင့်ပါ.........။

နိုင်ငံရေးဆိုတာ သမ္မတဖြစ်ရေး မဖြစ်ရေးလောက်ပဲသိတဲ့ နိုင်ငံရေးသမား
အူကြောင်ကြွက်ကြားတွေကြားမှာ မိမိတို့ရဲ့ကလေးတွေ၏ အနာဂတ်မပျောက်ဆုံးရေးကို
ကလေးမိဘတိုင်း သတိပြု ကာကွယ်သင့်သည်..............။

နိုင်ငံရေးသမားဆိုသည်မှာ ခွေးကိုပင် လူစကားပြောသင်၍ ၀ါဒဖြန့် ဓားစာခံသွင်းချင်သည့်
တကိုယ်ကောင်း လူ့နွားဖြစ်သည်..............................။

ကလေးများ၏ ညဏ်ရည်ညစ်သွေးနှင့် အနာဂတ်အန္တရာယ်ကို ကာကွယ်ကြပါ

ထက်နေခ

0 ကျေးဇူးတင်ပါသည်:

Post a Comment

လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။

အမျိုးသားရေးကို ကာကွယ်ပါ