လူဆိုတာ သေမျိုးတွေချည်းပဲ...။လို့ လူတိုင်း ကြားဖူး ပြောဖူးကြတယ်...။မှန်တယ် သေမျိုးတွေပဲ.။
ဒါပေမဲ့...အဓိပ္ပာယ်ရှိရှိသေသွားတာနဲ့ အဓိပ္ပာယ်မဲ့သေသွားတာ ကွာခြားသေးတယ်....။
တိုင်းပြည်အပေါ်ထားတဲ့ အသိ..တစ်မျိုးသားလုံးအပေါ်ထားတဲ့ အသိ...။အဲဒီလိုအသိလေးတွေနဲ့
သေဆုံးခြင်းမျိုးက သူရဲကောင်းတစ်ယောက်ရဲ့ သေဆုံးခြင်းမျိုးပါ...။အဓိပ္ပာယ်တွေ ရှိတယ်..။တိုင်းပြည်အပေါ်ထားတဲ့ အသိ..။တစ်မျိုးသားလုံးအပေါ်ထားတဲ့ အသိဆိုတာလဲ လူတိုင်းမှာမရှိဘူး
လူ(၁၀)ယောက်မှာ(၁)ယောက်သာပဲရှိနိုင်တယ်..။
အိပ်စားကာမနဲ့ သေတဲ့သူကနွားသေ သေခြင်းနဲ့တူတယ်..။တိုင်းပြည်အသိ တစ်မျိုးသားလုံးအသိ
မရှိပဲ သေတဲ့သူက ခွေးသေ သေခြင်းနဲ့တူတယ်...။
လူဆန်ဆန်နဲ့ သူရဲကောင်းတစ်ယောက် သေခြင်းမျိုးကိုတော့ တိုင်းပြည်ကိုကာကွယ်ခြင်း တစ်မျိုး
သားလုံးကို စောင့်ရှောက်ခြင်းဆိုတဲ့ လုပ်ရပ်ကသာပေးနိုင်တယ်...။
အဲဒီအတွက် အများကြီးလုပ်စရာလည်း မလိုဘူး....ဘယ်သူကမှလည်း ခိုင်းစရာမလိုဘူး..။မိမိနှလုံး
သားထဲကနေ..ငါ့တိုင်းပြည် ငါ့လူမျိုးကို ကာကွယ်ဖို့တာဝန် ငါ့မှာလည်း ရှိတယ်ဆိုတဲ့ အသိလေးကို
နှလုံးသားကနေ နက်နက်ရှိုင်းရှိုင်းလေးသာ တွေးဆမိလိုက်တာနဲ့ ........။ပြည့်စုံနေပြီ....။
လူထုခေါင်းဆောင်ဆိုတာ နိလ်ဗယ်ဆု ရစရာလည်းမလိုဘူး သမ္မတဖြစ်နေစရာလည်းမလိုဘူး ဘွဲ့ရ
နေစရာလည်းမလိုဘူး...တိုင်းပြည်နဲ့ တစ်မျိုးသားလုံးကို နှလုံးသားက စစ်စစ်မှန်မှန်ချစ်တတ်ရင်
လူထုခေါင်းဆောင် အရည်အချင်းနဲ့ပြည့်စုံနေပြီ ..မလိမ်မညာ တိုင်းပြည်နဲ့လူမျိုးကို ချစ်တတ်ဖို့ပဲ
လိုတယ်..။အခွင့်အရေးမယူနဲ့ မလိမ်ညာနဲ့ ဒါဟာ လူထုခေါင်းဆောင်ပဲ...။
လူတိုင်းဟာ လူထုခေါင်းဆောင်ပဲ...။(မျက်နှာဖုံး အတုတော့မတပ်ကြနဲ့ပေါ့ )...................။
လူတိုင်းက တိုင်းပြည်အပေါ်ချစ်တယ် လူမျိုးအပေါ် မြတ်နိုးတယ်ဆိုတာ ပြောတတ်တယ်..။ဒါပေမဲ့
မခံစားတတ်ဘူး...။
ထက်နေခ

0 ကျေးဇူးတင်ပါသည်:
Post a Comment
လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။