အမျိုးသားရေးကို အစဉ်သတိရှိပါ
Home » » ခွေးရှင်တို့ ခွေးဝင်လျှင်ရိုက်ခွင့်ပြုပါ

ခွေးရှင်တို့ ခွေးဝင်လျှင်ရိုက်ခွင့်ပြုပါ

ပြည်ကြီးကသာ ဘယာကကင်း ရိုးဖြောင့်စင်းကြောင့် ချင်းချင်းလေးစား အရေးထားလျက် တံခါးမပိတ် ဓါးမချိတ် အိမ်တိုင်းအိပ်ကြသည်။ လူချင်းမှာသာ ယုံရပါလည်း ရွာမှာပင်မွေး ရွာဝင်ခွေးက မွေးရုံသာမွေး မပေးကျွေး ခပ်အေးအေးသာ လွှတ်ထား၍ ကျွေးကားကျွေး၏ ဝမ်းပြည့်မရ ဝမ်းမဝ မလှပိန်ချည့် ရှိနေ၍။ ထိုသည်အခြေ ထိုအနေကြောင့် လူခြေတိတ်ဆိတ် လူတို့အိပ်လျင် တိတ်တိတ်ဝင် ခိုးငင်စားရမြဲ။ ခိုးသားမကျ ပါးမဝကြောင့် ဖွဖွအခင်း နင်းတချွတ်ချွတ် မည်သံလွှတ်မို့ နားမွှတ်ကင်းပါး ထင်းထင်းကြားသည့် အိမ်သားအားလုံး ပျားပိတုံးလျှင် အုန်းအုန်းကျွတ်ကျွတ် တုတ်ဝါးခွက်ဖြင့် လက်ရောက်သူ့ခွေး မိုက်ညစ်ထွေးကို ဒဏ်ပေးသော်ငြား ရိုက်ပုတ်ငြား ခါးဝယ်ဒဏ်ရာ ရစေပြီ။ နံနက်ရှုခင်း လင်းမလင်းသေး ခွေးခင်းပိုင်ရှင် နောက်အိမ်စဉ်က လျင်လျင်ခေါက်ခေါက် တို့အိမ်ပေါက်ဝယ် တောက်လျှောက်လာသွား မှုစကား အော်လားဟစ်လား ပြောတော့သည်။ အရေးပေါ်ဆေး ခွေးလျှော်ကြေး ဟစ်အော်ကြွေး၍ တောင်းတော့သည်။ ခွေးအခွင့်အရေး ပေးလျှင်ပေး မပေးတရားစွဲတော့မည် ကိုယ့်အိမ်ဝင်ကျယ် ခွေးမဖွယ် တုတ်ပင်မရွယ်ရဲ ကိုယ့်အိမ်ဝင်ခိုး ထိုခွေးဆိုး တုတ်ပင်မမိုးရဲ ကိုယ့်အိမ်ဝင်အောင်း ခွေးသယောင်း မောင်း ပင် မ မောင်း ရဲ……။ (မဟာမြိုင်ဗောဓိဆရာတော်)

0 ကျေးဇူးတင်ပါသည်:

Post a Comment

လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။

အမျိုးသားရေးကို ကာကွယ်ပါ