ပြောတိုင်း ယုံ...
ခြောက်တိုင်း ကြောက်တဲ့
ပြည်သူတွေ ရှိနေသရွေ့
နိုင်ငံရေး သမား အာဝါဒါးတွေ
ထမင်းလုံးဝ မငတ်ဘူး...................
နိုင်ငံရေးသမား အကျင့်ဆိုး ဆိုတာ
စကားလုံး လှလှတွေနဲ့
ဥပဒေအကြောင်းတွေ ပြောမယ်.......။
စကားလုံး လှလှတွေနဲ့
ရှေးဟောင်း နှောင်းဖြစ်တွေ ပြောမယ်....။
စကားလုံး လှလှတွေနဲ့
ဒီမိုကရေစီအကြောင်း လူ့အခွင့်အရေးအကြောင်းတွေ ပြောပြီး
ပြည်သူကို ခွင်ရိုက်မယ်..............
ရှေ့နောက် မညီတဲ့
လုပ်ရပ်နဲ့ စကားတွေကို အစိုးရမကောင်းလို့ဆိုတဲ့
ဆင်ခြေနဲ့ ဖာထေးမယ်...........။
ခင်ဗျားတို့မှတ်ထား
နိုင်ငံရေးသမား လုပ်နိုင်တဲ့ အလုပ်ဆိုတာ
လေပေါ ခွင်ဖန် ကလိမ်ညဏ်ကြဖို့ပဲ ရှိတယ်.......။
ပြည်သူနဲ့ ရဟန်းမပါပဲ
ဘယ်နိုင်ငံရေးသမားမှ
အီးကျယ်ကျယ် မပေါက်ရဲဘူး...............
ငါးကြင်ဆီနဲ့ ငါးကြင်အကြော်ခံရတယ်ဆိုတဲ့ စကားပုံက
ပြည်သူ့ငွေ ပြည်သူ့အသက် ပြည်သူ့ အင်အားနဲ့
နိုင်ငံရေးသမားတွေ လုပ်စားတာကို ပြောတာ...........။
မယုံ သေလိုက်ကြပေါ့နော်
ထက်နေခ
0 ကျေးဇူးတင်ပါသည်:
Post a Comment
လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။