အမျိုးသားရေးကို အစဉ်သတိရှိပါ
Home » » ရိက္ခာ အတွက် သိက္ခာမပေးသူ ( ကြိုရင် ယူသုံးနိုင်သည် )

ရိက္ခာ အတွက် သိက္ခာမပေးသူ ( ကြိုရင် ယူသုံးနိုင်သည် )



တစ်ဘ၀စာ ရိက္ခာအတွက်
တစ်သံသရာလုံးမှောက်မဲ့ သိက္ခာပျက်မှုကို
ငါ..ဘယ်တော့မှ အနားသီမယ် မထင်ပါနဲ့............။

ငါ့..ဦးခေါင်းက
သုံးစားမရဘူးဆိုရင်တောင်
ငါ့..ခြေလက်က လှုပ်ရှားနိင်ပါသေးတယ်................။

လူတစ်ယောက်ရဲ့ ဘ၀အဓိပ္ပာယ်က
ပညာလား..နေထိုင်မှု အဆင့်အတန်းလား
ငါ..မသိဘူး
ငါ့ဘ၀ရဲ့ အဓိပ္ပာယ်က ကိုယ်ကျင့်တရားပဲလို့
သတ်မှတ်ထားတယ်...................။

လူတိုင်းကို
ငါ့ဘောင်အတွင်း ဆွဲမသွင်းပါဘူး
ဝင်လာတဲ့သူကိုပဲ ဖေးမဖို့
ငါ့..နှလုံးသားကို သန့်စင်ထားပါတယ်...................။

မင်းကိုလည်း ငါမမုန်းပါဘူး
ငါ့ကိုလည်း မင်းမမုန်းပါနဲ့
မင်းလိုအပ်တဲ့ အခါ
ငါ့...ခွန်အားကို ယူသုံးပါ
ငါ...အားလျောတဲ့ အချိန် မင်းခနလေးပဲ ပြုံးပြပါ.............။

ငါတို့တွေက တစ်မြေထဲနင်း တစ်လေထဲ ရှု
တစ်ဆန်ထဲ စားနေတဲ့ လူမျိုးတူ
ညီနောင်သားတွေပါ
ငါ့တို့အချင်း တိုက်ခိုက်ဖို့ထက်
ငါတို့ကို တိုက်ခိုက်လာသူကို ကာကွယ်ဖို့ပဲ
ဆန္ဒရှိပါတယ်.............................။

တစ်ခုတော့ ရှိတာပေါ့ကွာ
ဘာမဟုတ်တဲ့ ကလေးကလား
စကားတွေနဲ့တော့ ငါ့ကို စစ်ခွေးလို့ မစွပ်စွဲပါနဲ့ကွာ......။

ငါ့အမေက မွေးတယ်
ငါ့အဖေက ကျွေးတယ်
အဲဒီတော့ ငါ့သွေးက မြန်မာ့သွေးဖြစ်နေလို့
မြန်မာလူမျိုးကို ချစ်တဲ့ ပြည်ချစ်ခွေး
ပြည်သူ့ခွေး ပြည်စောင့်ခွေး လို့
ငါ့ကိုယ်ငါ ဂုဏ်ယူထားပါတယ်.................။

မယုံမရှိပါနဲ့
ငါမွေးထားတဲ့ စိတ်ထား
ငါသွေးထားတဲ့ ခုတ်ဓား
ဘာမထီဘွားပဲ ဖြစ်စေရပါ့မယ်
သာရာ ခိုနား သာရာ စားတဲ့
လူ့ငနွား မဖြစ်စေရပါဘူး ကွာ........................။

ထက်နေခ

0 ကျေးဇူးတင်ပါသည်:

Post a Comment

လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။

အမျိုးသားရေးကို ကာကွယ်ပါ