အမျိုးသားရေးကို အစဉ်သတိရှိပါ
Home » » မျက်လုံးများ

မျက်လုံးများ

ခွေးနှစ်ကောင် ကိုက်တယ်ပဲပြောပြော
ကျွဲနှစ်ကောင် ခတ်တယ်ပဲဆိုဆို
အမြဲတမ်း မြေဇာပင် ဖြစ်ရတဲ့
ပြည်သူတွေအတွက်...................။

သံလျှက်ဓားလို့ ထက်ပြီး
ထိတဲ့သူ အပိုင်းပိုင်းပြတ်စေမဲ့
အမျိုးသားရေး ယန္တယားစက်ကို ဖွင့်လိုက်ပြီ........။

ကိုယ်ကျိုးအတ္တအတွက်သာ ကြည့်ပြီး
တစ်မျိုးသားလုံး ရေရှည်အကျိုးမရှိတဲ့သူကတော့
ပြည်သူ့ရန်သူ ဖြစ်သွားမှာပါပဲ................................။

အခုချိန်မှာ
ကြံ့ဖွံ့လည်း အသစ်ကပြန်စ ရမဲ့အချိန်
NLD လည်း အသစ်ကပြန်စ ရမဲ့အချိန်ပဲ
ကျန်ခဲ့တဲ့ အမှားတွေမပြောတော့ဘူး

ရှေ့ဆက်လာမဲ့ အမှားနဲ့
ပြည်သူက ကြဉ်ထုတ်သွားမယ်
ဘယ်သူက ပြည်သူကို ရန်သူ့လက် ထိုးကျွေးရဲလဲဆိုတာ
ကြည့်ကြရမှာပေါ့....................................................။

ပြည်သူ့အတွက် စောင့်ကြည့်ဖို့
အမျိုးသားရေး မျက်လုံးတွေ စူးရှနေပြီ မိတ်ဆွေတို့................။

ထက်နေခ

0 ကျေးဇူးတင်ပါသည်:

Post a Comment

လာရောက်ကြသည့် မိတ်ဆွေများအား ခင်မင်စွာ နှုတ်ဆက်ကြိုဆိုပါသည်....။

အမျိုးသားရေးကို ကာကွယ်ပါ